ရန်မန်းအမြန်လမ်းမှာ အံစာတုံးယာဥ်တစ်စီး ယာဥ်မတော် တဆမှုဖြစ်ပွားခဲ့ပြီး ၃ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၃၀/ ၀) နဲ့(၂၃၀/၁)ကြားမှာ ဇန်နဝါရီလ၉ရက်ညနေ၆နာရီ ၃၅မိနစ်က အံစာတုံးယာဥ်တစ်စီး ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ယာဥ်ပါလူ၃ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၉ရက်ညနေ၆နာရီ၃၅မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၃၀/၀)နဲ့ (၂၃၀ /၁)ကြားမှာ မန္တလေးက နေပြည်တော်ကို မောင်းနှင်လာတဲ့ King Long (အဖြူရောင်)အံစားတုံယာဥ်ဟာ ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက ရေနှုတ်မြောင်းပေါက်အုတ်ကန်ကို တိုက်မိခဲ့ပြီး ယာဥ်ပေါ်လိုက်ပါလာသူ ၁၂ဦးအနက် အမျိုးသား(၂)ဦးနဲ့အ မျိုးသမီး၁ဦးသေဆုံးခဲ့ပြီး အမျိုးသား(၇)ဦးနဲ့အမျိုး သမီး(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်မတော်တဆမှုဖြစ်ပွားရာကို ပန်းတင်အမြန်လမ်းမီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနဲ့၊ပန်းတင်အမြန်လမ်းရဲစခန်းမှ စတပ်ဖွဲ့ဝင်များတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွား ရောက်ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ပလွေးအမြန်လမ်းမီး သတ်ပိုင် လူနာတင်ယာဉ်၊EMS 192အသင်းပိုင် လူနာ တင်ယာဉ်နဲ့လူမှုကူညီရေးအ သင်းပိုင်လူနာတင်ယာဉ်တို့နဲ့ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *