ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၁၂၉/၇) အနီးမှာ ဒီဇင်ဘာလ၁၈ရက်မနက်၁နာရီကျော်က ယာဥ်မောင်း အိပ်ငိုက်ပြီး မော်တော်ယာဥ်တစ်စီးဟာ လမ်းလယ်ကျွန်းပေါ်က ထန်းပင်ကိုတိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့က သိရပါတယ်။


ယာဥ်မီးလောင်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦးစလုံးထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပေမယ့် ယာဥ်တစ်စီးလုံး မီး လောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ဗောဓိကုန်းအမြန်လမ်းမီး သတ်စခန်းနဲ့ ၁၁၅မိုင် အမြန်လမ်း မီးသတ်စခန်းတို့က မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနဲ့ကယ် ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 25 times, 1 visit(s) today



