ရန်မန်ူအမြန်လမ်းမှာ Toyota Allionယာဥ်က Toyota Mark2ယာဥ်ကို ဝင်တိုက်မိမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၃၇/၂) နဲ့ ၃၃၇/၃)ကြားမှာ ဇန်နဝါရီလ၁၁ရက် ညနေ ၅နာရီ၁၀မိနစ်က Toyota Allionယာဥ်က Toyota Mark2ယာဥ်ကို ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး Toyota Mark2ယာဥ်ပေါ်မှာ လိုက်ပါလာသူ ၄ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီးမီး သတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၁၁ရက် ညနေ၅နာရီ၁၀မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၃၇/၂) နဲ့ ၃၃၇/၃)ကြားမှာ နေပြည်တော်က မန္တလေးကို ယာဉ်မောင်းပါ ကျား(၂)ဦး၊မ(၄)ဦး ပေါင်း(၆)ဦး လိုက်ပါမောင်းနှင်လာတဲ့ Toyota Mark2 အမျိုးစား(ခဲရောင်)ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ် ကြော မန္တလေး-နေပြည်တော် ဘက်ခြမ်းကို ရောက်ရှိသွားခဲ့ရာ မန္တလေးက နေပြည်တော်ဘက်ကို ယာဉ် မောင်းပါ ကျား(၁)ဦး၊မ(၁)ဦး၊ခလေးမ(၁) ဦး၊ပေါင်း (၃)ဦး လိုက်ပါမောင်းနှင်လာတဲ့ Toyota Allion အ မျိုးအစား(အဖြူရောင်)ယာဉ်ဟာ တစ်ဖက်ယာဉ်ကြောကရောက်ရှိလာတဲ့ Mark2 ယာဉ်ကို ခါးလယ်က ဝင်ရောက်မိပြီး ရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် Mark2 ယာဉ်ပေါ်လိုက်ပါလာသူ ကျား(၂)ဦးမ(၄)ဦးအနက် ကျား(၁)ဦး၊မ(၃)ဦး ပေါင်း (၄)ဦးသေ ဆုံးခဲ့ပြီးကျား(၁)ဦး၊မ(၁)ဦးပေါင်း(၂)ဦးထိခိုက်ဒဏ်ရာများရရှိကာ Allion ယာဉ်ပေါ်က ကျား (၁)ဦး၊မ(၁)ဦးနဲ့ခလေး မ (၁)ဦး ပေါင်း(၃)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တံတားဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *