ရန်ကုန် MPTရုံးမှာ ဆာဗာခန်းမီးလောင်လို့ MPTရဲ့ ဖုန်းခေါ်ဆိုတာနဲ့အင်တာနက်လိုင်း ယာယီပြတ်တောက်နေ

ဆာဗာခန်းထဲမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာလို့ သိရ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ကMPTရုံး ဆာဗာခန်းမှာ ဖေဖော်ဝါရီလ ၇ရက် နံနက်၁၀နာရီ၂၃မိနစ်က မီးလောင်ခဲ့လို့ MPTရဲ့ ဖုန်းခေါ်ဆိုတာနဲ့ အင်တာနက်လိုင်းတွေ ယာယီပြတ်တောက်နေတယ်လို့ သိရပါတယ်။

“MPTဖုန်းကနေ တခြားအော်ပရေတာရဲ့ ဖုန်းကိုခေါ်လို့ရတယ်။တခြားအော်ပရေတာရဲ့ဖုန်းကနေ MPT ဖုန်း ကိုခေါ်ရင် ခေါ်မရဘူးဖြစ်နေတယ်´´လို့ မန္တလေးမြို့နေပြည်သူတစ်ယောက်က ပြောပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကလည်း“ ကျနော် သတိထားမိတာကတော့ ဒီနေ့မနက်၁၀နာရီခွဲလောက်ကတည်းက MPTရဲ့ဖုန်းလိုင်းတွေရော အင်တာနက်လိုင်းတွေရော ပျက်နေတယ်´´လို့ပြောပါတယ်။

MPTရဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *