ဇန်နဝါရီ ၃ ရက်
ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၊၄၄လမ်း တိုက်ပေါ်က လူငယ်များ ခုန်ချခဲ့တဲ့ ဖြစ်စဥ်မှာ လွတ်မြောက်ခဲ့တဲ့ လူ ငယ်တဦး ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန် ခဲ့တာကြောင့် ဒီနေ့သဂြိုလ်ခဲ့တယ်လို့ ကွယ်လွန်သူလူ ငယ်ရဲ့သူငယ်ချင်းအချို့ဆီက သိရပါတယ်။
ကွယ်လွန်ခဲ့သူဟာ Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex ကိုဖြစ်ပြီး ဇန်နဝါရီ ၁ရက်နေ့က သေဆုံးခဲ့ပြီး သဇန်နဝါရီ၃ရက်နေ့မှာ ထိုင်းနိုင်ငံမှာ သင်္ဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးမှုကြားက ၂ နှစ်ကျော်ကြာ ထွက်ပြေးလွတ် မြောက်ခဲ့သူ Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသနေရင်း ကွယ်လွန်ခဲ့တာလို့ နီးစပ်သူတွေကပြောပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့ နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို စစ်တပ်ကဝင်ရောက်ရှာဖွေချိန် လူငယ်၈ဦးထဲက ၅ဦးမှာ တိုက်ပေါ်မှ ခုန်ချခဲ့ပြီးနှစ်ဦးသေဆုံးခဲ့ကာ ကျန်သူများမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။



