ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းက နေအိမ်တစ်လုံးမှာ စက်တင်ဘာလ၂၉ရက်မနက်၁၀နာရီ၁၉မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးတို့နဲ့ သန္ဓေနဲ့အရန် မီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မီးသတ်ဦးဌာနကစိစစ်နေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်အတွင်းမှာ အဘွားတစ်ဦးအပါ နှစ်ဦးသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
Visited 53 times, 1 visit(s) today



