၂၀ ဇန်နဝါရီ ၊၂၀၂၄
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှုးနှစ်ဦးတို့ ဇန်နဝါရီလ၁၉ရက်နေ့ ညနေကသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေပြည်သူ အချို့ဆီက သိရပါတယ်။
သေဆုံးသူတွေဟာ လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ် ရေးမှူးနဲ့အုတ်ကျင်းဘူတာရုံရပ်ကွက် ရာအိမ်မှူးနှစ်ဦး တို့ဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာချိန် စက်ဘီးစီးလာတဲ့သူတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေတွေကပြောပါတယ်။
Visited 81 times, 1 visit(s) today



