ရန်ကုန်-မော်လမြိုင်သွား ကားလမ်းပေါ် က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ရန်ကုန်-မော်လမြိုင်သွားကားလမ်း ဘီး လင်းမြို့နယ်နဲ့သထုံမြို့နယ်ကြား၊ဘီးလင်းမြို့ နယ်၊ ဒုံဝန်းကျေး ရွာနဲ့ရွှေရောင်ပြ ကျေး ရွာကြား၊ မိုင်တိုင်အမှတ် ၁၃၁/ ၆နဲ့ ၁၃၁/ ၇ကြားက ကျုံအိပ်တံတားကို ဇွန်လ၂၉ ရက်မနက်၄နာရီခွဲက လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့တယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တံတားမိုင်းခွဲဖျက်ဆီးခံခဲ့ရတာကို မသိဘဲ ဖြတ်သန်းမောင်းနှင်မိတဲ့ မော်တော်ယာဉ် နှစ်စီး တံတားအောက်ကို ပြုတ်ကျခဲ့တာ ကြောင့် ယာဉ်တွေပေါ်လိုက်ပါလာသူတစ် ယောက်သေဆုံးခဲ့ရပြီး တစ်ယောက် ထိခိုက် ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တဲ့အပြင် ယာဉ်နှစ် စီးစလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တံတားမိုင်းခွဲဖျက်ဆီးခံခဲ့ရတာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတဲ့ တာဝန် ရှိသူတွေကို လက်နက်ကိုင်အဖွဲ့က ၄၀မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူအချို့ထိ ခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *