ရန်ကုန်-မော်လမြိုင်ကားလမ်းရဲ့ တံတားငယ်တစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

■တံတားငယ်ပျက်စီးသွားတာကြောင့် ကားကြီးများ ဖြတ် သန်းသွားလာလို့ မရတော့ဘဲ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်ခဲ့ရ

မွန်ပြည်နယ်၊သထုံမြို့နယ်၊မိုးကောင်းကျေးရွာအနီး။ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၃၅/၇)နဲ့ (၁၃၆/ ၀)​ကြားက တံတားငယ်တစ်စင်းဟာ ဖေဖော်ဝါ ရီလ၂၈ရက်မနက်၂နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“တံတားက ကားသွားလို့ မရအောင် ပျက်စီးသွားတယ်။ကားလေးတွေကတော့ ရွာလမ်းကနေ ပတ်မောင်းလို့ ရပေမယ့် ကားကြီးတွေက မရတော့ ကားလမ်းဘေးမှာ တံတားပြင်ပြီးတဲ့အချိန်ထိစောင့်ရင်စောင့် မစောင့်နိုင်ရင်တော့ လာခဲ့တဲ့နွေရာသီ ပြန်သွား ရမယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တံတားမိုင်းခွဲဖျက်ဆီးခဲ့ရာ အနီးက နေအိမ်၂လုံးပျက် စီးခဲ့ရသလို ဒေသခံအမျိုးသားတစ်ဦးလည်း လည်ပင်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တာကြောင့် သထုံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

တံတားမိုင်းခွဲမှုကို KNUနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျူးလွန်ခဲ့တာလို့ သတင်းများထွက်ပေါ်နေပါတယ်။

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *