ရန်ကုန် မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ယောက် ခုန်ချမှုဖြစ်ပွား

ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်နဲ့ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ မဟာဗန္ဓုလ တံတားပေါ်ကနေအမျိုးသမီးတစ်ယောက် ခုန်ချမှုတစ်ခု ဇွန်လ၂၉ရက် နေ့လယ် ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခုန်ချမှုဖြစ်ပွားရာကို စေတနာလူမှုကူ ညီရေးအသင်း(ပုဇွန်တောင်)က ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ပြီး တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသမီးဟာ အသက်သေဆုံးခြင်း မရှိခဲ့ ပဲ ဒဏ်ရာများသာရရှိခဲ့တာကြောင့် အရှေ့ပိုင်းဆေးရုံ(ဂန္ဓီ)ကို ပို့ဆောင် ပေးခဲ့ရတယ်လို့ သိရပါတယ်။

တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသမီးဟာ အသက်၄၂နှစ်အရွယ်ရှိမဝင်းဝင်းခိုင် ဆိုသူဖြစ်ပြီး နေရပ်လိပ်စာကို စုံစမ်းနေ ဆဲလို့လည်း သိရပါတယ်။

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *