ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၆/၆ နဲ့ ၂၈၆ /၇ ကြားမှာ အိမ်စီးယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၂၈၆/၆) နဲ့ (၂၈၆/၇)ကြားမှာဇန်နဝါရီလ၄ရက်မနက်၇နာရီခွဲက ISUZU အစိမ်းရောင်အိမ်စီးယာဥ်တစ်စီး ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ကြောင့် သံဃာ(၁)ပါး၊အမျိုး သား(၁)ဦးနဲ့အမျိုးသမီး(၁)ဦးတို့ သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုမှာ ယာဥ်ပေါ်လိုက်ပါလာတဲ့ သံဃာ (၂)ပါး၊အမျိုးသား(၂)ဦးနဲ့အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦးအနက် (၃)ဦးသေဆုံးခဲ့ရပြီး သံဃာ(၁)ပါးနဲ့အ မျိုးသား(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာကို သီးကုန်းအမြန်လမ်းမီး သတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူများကို 192 အမြန်လမ်းလူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကိုကူညီပို့ ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *