ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ၁၁လအတွင်း ယာဥ်မ တော်တဆမှုများကြောင့် လူနှစ်ထောင်ကျော်သေဆုံးခဲ့ရ

ဒီဇင်ဘာ(၂၈)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ၁၁လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ၆ထောင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လအတွင်း တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု စုစုပေါင်း (၄၄၂၁) မှုဖြစ်ပွားခဲ့ကာ၊ယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၆၁၅၉) ဦးရှိတယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ် ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မတော်တဆမှုပေါင်း ၇၇၈ မှုဖြစ်ပွားခဲ့ပြီး လူ၈၃၇ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၃၈၇ ဦးရှိကာ တစ်နိုင်ငံလုံးမှာယာဉ်မတော်တဆ ဖြစ်ပွားမှုနှ အများဆုံးဖြစ်တယ်လို့ အ သိပေးထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပြီးရင် ဧရာဝတီတိုင်းဒေသကြီးက ယာဉ်မတော်တဆမှုပေါင်း ၆၈၇ မှုဖြစ်ပွားခဲ့ပြီး၊ မန္တလေး တိုင်းဒေသကြီးမှာ ယာဉ်မတော်တဆမှုပေါင်း ၆၀၇ မှုဖြင့် ယာဉ်မတော်တဆမှု တတိယအများဆုံး တိုင်းဒေသကြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ် ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူဦးရေမှာ ၂၀၂၂ခုနှစ်လကာလထက် ၃၃၈ ဦးလျော့နည်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *