ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင် တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားမှာ သြဂုတ်လ ၂၁ရက် ညနေ၃နာရီ၄၀မိနစ် အ ချိန်က အဖြူရောင်ခရီးသည်တင်Express ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း ဘေးမြောင်းထဲ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါ တယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသူ ကလေးငယ်တစ်ဦးအပါအ ဝင် ၁၆ ဦးအနက်အမျိုးသား၁ဦးသေဆုံးခဲ့ ပြီး အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ် ရ)ရရှိခဲ့ကာ ကျန်၁၄ဦးမှာ ထိခိုက်ဒဏ် ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါ တယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ဥ သျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပြီး သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိ သူများကို 192 လူနာတင်ယာဉ်၊ရှင်သန် မှုလူမှုကူညီရေးအသင်းယာဉ်နှင် Light Truck ယာဉ်တို့နဲ့ မြို့ချောင်း တိုက် နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။