ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မော်တော်ယာဉ်တစ်စီး လမ်းဘေးကာရံထားတဲ့လက်ရန်းကို တိုက်မိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၀/၇)မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ ATRAI WAGON အမျိုးအစားမော်တော်ယာဉ်တစ်စီးဟာ လမ်းဘေးကာရံထားတဲ့ Guardrail တန်း(လက်ရန်း)နဲ့မိုင်တိုင်တို့ကို တိုက်မိခဲ့တာကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၅ယောက်အနက် အမျိုးသား ၁ယောက်နဲ့အမျိုးသမီး ၁ယောက်တို့ သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်း အသိုင်းအဝိုင်းက သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို ကမ်းမယ့်လက်များလူနာတင်ယာဉ်နဲ့ ဖြူးဆေးရုံကို ကူညီပို့ဆောင်‌ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *