ရန်ကုန်-မန္တလေး အမြန်လမ်းမှာ VIGOကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၁၀/၆) အနီးမှာ မေလ၁၇ရက် နံနက်၈နာရီခန့်က VIGOအမျိုးအစား ကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းက တန်းတွေကို ဝင်တိုက်မိပြီး တိမ်း မှောက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ် တပ်ဖွဲ့ကနေ သိရပါတယ်။

တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် VIGO ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား (၃)ယောက်၊အမျိုးသမီး(၄)ယောက်နဲ့ ကလေး (၁)ယောက် စုစုပေါင်း(၈)ယောက်အနက် အမျိုးသား(၁)ယောက် (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့အမျိုးသားကို ငါးဆူ တောင်မေတ္တာရှင်ပရဟိတအသင်းက လူနာတင်ယာဉ်နဲ့ လှည်းကူးပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 34 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *