ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန် ကုန်လေကြောင်း ခရီးစဉ် စတင်ပြေးဆွဲ

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နိုင် ငံတကာခရီးစဉ်သစ်ဖြစ်သော ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီး စဉ် စတင်ပျံသန်းသည့် အခမ်းအနားကို ဇွန်လ၂၉ရက်ညနေ၆နာရီ၃၀မိနစ်က တ ရုတ်နိုင်ငံမန်စီလေဆိပ်တွင် ကျင်းပခဲ့ သည်။

လေကြောင်းခရီးစဉ်သစ် ပျံသန်းပြေးဆွဲ ပေးခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြင့် မားစေပြီး မြန်မာနိုင်ငံနှင့် တဲဟုန်ပြည် နယ်ခွဲအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု ဖလှယ် ရေး စသည့် ကဏ္ဍများတွင် ပိုမိုနက် ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးစဉ် စတင်ပျံသန်းပြေးဆွဲ ခြင်း အခမ်းအနားသို့ လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ထွေး၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ မြန်မာအမျိုးသားလေ ကြောင်းမှ တာဝန်ရှိသူများ၊ တဲဟုန် ပြည်နယ်ခွဲမှ ပါတီအတွင်းရေးမှူး Mr. Jiang Shan ၊ အုပ်ချုပ်ရေးမှူး Mr. Wei Gang နှင့် ယူနန်ပြည်နယ် ပို့ဆောင်ရေး ဌာနမှ တာဝန်ရှိသူတို့ ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *