ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂) နှင့် (၄၅/၃)ကြားက ကွန်ကရစ်လမ်း မြေကျွံမှုဖြစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂) နှင့် (၄၅/၃)ကြားမှာ အောက်တိုဘာလ၈ရက် မနက်၁၁ နာရီ၄၀မိနစ်က အရှည်(၂၅)ပေရှိတဲ့ ကြက်ချောင်းတံတားဘေးက ယာဉ်သွားလမ်းမဟုတ်တဲ့ ကွန်ကရစ်လမ်း(၁၀)ပေခန့် မြေကျွံကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Photo- MFSD

မြေကျွံမှုဖြစ်ပွားရာကို ဘောနတ်ကြီးအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *