ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်-၃၉ မီနီတိုးဂိတ်အနီးမှာ အမြန်လမ်းပေါ် ရေကျော်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်-၃၉ မီနီတိုးဂိတ်အနီးမှာ အောက်တိုဘာလ၇ရက်မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အမြန်လမ်းပေါ်ရေကျော်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညကတည်း ပဲခူးမြို့အပါအဝင် ပဲခူးတိုင်းထဲမှာ မိုးများတယ်။ဒီမှာလည်း မိုးကများတော့ အမြန်လမ်းပေါ်ရေကျော်ပြီး ခရီးသည်တင်ကားတွေရော အိမ်စီးကားတွေရော ရေထဲဖြတ်မောင်းရဲတဲ့သူတွေပဲ သွားနေကြတယ်။တချို့ကားတွေကတော့ ရေထဲဖြတ်မမောင်းရဲတော့ ကားလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ၈ရက်နေ့ ပဲခူးမြို့မှာ မိုးရေ ချိန်စံချိန်မီ တင်ခဲ့ပြီး မိုးရေချိန်မှာ ၇.၈၇ လက်မဖြစ်ကာ ၂၂.၁၀.၂၀၁၈က စံချိန်ဟောင်းမှာ မိုးရေချိန် ၅.၇၅လက်မ ဖြစ်တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *