ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၁၁၃/၄)နှင့်(၁၁၃/၅)ကြားမှာ စက်တင်ဘာ လ၂ရက်နေ့မနက်၈နာရီခွဲကToyotaCrown ယာဉ်တစ်စီး လမ်းကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရတယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူအသိုင်းအဝိုင်းကနေ သိရပါတယ်။


ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြပြီး ယာဉ်တိုက်မှုဖြစ်ပွားရာကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ၁၁၅ မိုင်ကြက်ခြေနီအသင်းက ယာဉ်နဲ့ ဖြူးမြို့နယ်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။