ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင် တိုင်အမှတ်(၆၀/၁)နှင့်(၆၀/၂)ကြားမှာ သြဂုတ်လ၂၀ရက်မနက်၇နာရီခန့်က PARTNER(အဖြူရောင်)ယာဉ်အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး မထိန်းနိုင်ဘဲလမ်း အလယ်ကျွန်းက သစ်ပင်ကို ဝင်တိုက်မိ ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုကြောင့်အိမ်စီးကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား၁ဦးနဲ့အမျိုးသမီး ၇ဦးတို့အနက် အမျိုးသား၁ဦးနဲ့အမျိုးသမီး၂ဦးတို့ဟာထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာကို ဥသျှစ် ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို 192 လူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။