ရန်ကုန်-မန္တလေးအမြန်လမ်းမှာ AD Van မော်တော်ယာဉ်တစ်စီး အရှိန်မထိမ်း နိုင်ဘဲ တိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင် တိုင်အမှတ် (၁၁၈/ဝ)နဲ့ (၁၁၈/၁) ကြားမှာ ဇူလိုင်လ၁၅ရက် ညနေ၃နာရီခွဲခန့်က AD Vanမော်တော်ယာဉ်တစ်စီး အရှိန်မထိန်း နိုင်လဲ လမ်းလယ်ကျွန်းက ထန်းပင်ကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာတဲ့အမျိုးသားနဲ့ အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာအသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

Photo– MFSD

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ဖြူး (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးကို အမြန်လမ်းကြက်ခြေ နီအသင်းက လူနာတင်ယာဉ်နဲ့ ဖြူးဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *