ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင် အမှတ်(၃၀၅/၃)နဲ့(၃၀၅/၄)ကြားမှာ ဇူ လိုင်လ၈ ရက် မနက်နာရီခွဲက အိမ်စီးကား Honda Odyssey အဖြူရောင်မော်တော် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် မှာ လိုက်ပါလာတဲ့အမျိုးသား(၅)ယောက်၊ အ မျိုးသမီး (၄)ယောက်နဲ့ ကလေး (၁) ယောက် စုစုပေါင်း (၁၀)ယောက်အနက် အမျိုးသား (၁)ယောက် သေဆုံးခဲ့ပြီး အမျိုး သား (၃)ယောက်၊အမျိုးသမီး (၂)ယောက် နဲ့ကလေး (၁)ယောက် စုစုပေါင်း (၆)ယောက်ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို 192 အမြန်လမ်းလူနာတင်ယာဉ်နဲ့ မိတ္ထီလာဆေးရုံသို ကူညီပို႔ဆောင်ပေးခဲ့ တယ်လို့လည်း သိရပါတယ်။

