ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၉၀)မှာ မော်တော်ယာဉ် တစ်စီး အရှိန်လွန်တိမ်းမှောက်

ယာဥ်ပေါ်ပါအမျိုးသား(၄)ဦးအနက် (၂)ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၀/၂)မှာ မေလ၂၆ရက်မွန်းလွဲ၁နာရီခန့် မော်တော်ယာဥ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ယာဥ်မောင်းအပါအဝင် အမျိုးသား(၄)ဦးအနက် အ မျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို 192 ယာဉ်နဲ့ မြို့ချောင်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo- MFSD

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *