ရန်ကုန်-မန္တလေးအမြန်လမ်းမှာ CANTERကုန်တင်ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွား

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းနဲ့ယာဥ်နောက် လိုက်နှစ်ဦးစလုံး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၆၂/၄-၅) ဖာလုံကြားမှာ မေလ၁၂ရက် မွန်း၁နာရီ ၃၀မိနစ်က ရန်ကုန် ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ MITSBISHI CANTERကုန်တင်ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှာ MITSBISHI CANTER ကုန်တင်ယာဥ်ဟာ မိုင်တိုင်အမှတ် (၆၂/ ၄-၅)ဖာလုံကြားက လမ်းကွေ့ကြောမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရန်ထားတဲ့ ဘာရီယာတုံးကို ဝင်ရောက်တိုက်မိပြီး ပေ(၃၀၀)အကွာ လမ်းဘေးသစ်ပင်ကို ထပ်မံတိုက်မိပြီး တိမ်းမှောက်ရပ်တန့်သွားခဲ့ပြီး ယာဥ်ပေါ်လိုက်ပါလာတဲ့ ယာဥ်မောင်းနဲ့ယာဥ်နောက် လိုက်နှစ်ဦးစလုံး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာကို အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းက တပ်ဖွဲ့ဝင်များနဲ့အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်များဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ၂ဦးကို မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *