ရန်ကုန်-မန္တလေးအမြန်လမ်းမမှာ ခရီး သည်မော်တော်ယာဉ် တစ်စီးတံတားလက်ရမ်းကိုတိုက်မိအမျိုးသားတစ်ယောက် သေဆုံး

ယာဉ်မောင်အိပ်ငိုက်သွားတာကြောင့် တိုက်မိတာဖြစ်နိုင်

ရန်ကုန်၊ ဧပြီ ၄

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင် တိုင်အမှတ် (၁၉၄/၂)မှာ ဧပြီလ၄ရက် နံနက်၁၂နာရီ၃၀မိနစ်ကအောင်ကျော်မိုး ခရီး သည်တင်ယာဉ်ဟာ တံတားလက် ရမ်းအားတိုက်မိခဲ့ပြီး ယာဉ်ပေါ်မှာ လိုက် ပါလာတဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့ တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့မော်တော်ယာဉ်ပေါ်မှာ အမျိုးသား(၂၇)ယောက်၊ အမျိုးသမီး (၂၈)ယောက် စုစုပေါင်း(၅၅)ယောက် လိုက် ပါလာပြီးအမျိုးသားတစ်ယောက်သေဆုံးခဲ့တဲ့အပြင်အမျိုးသားသုံးယောက်လည်းမစိုးရိမ်ရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာကို ပလွေးအမြန် လမ်းမီးသတ်စခန်းက မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များ ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရပြီး ထိခိုက်ဒဏ် ရာရသူတွေကို နေပြည်တောင်ကုတင်(၁၀၀၀) ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *