ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်Express ကားကို ကုန်တင်Boxကားက နောက်ကနေ ဝင်တိုက်မိ

■ကုန်တင်Boxကားပေါ်ပါ အမျိုးသားနှစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံမှာ ဖေဖော်ဝါရီလ၁၉ရက်မနက်၆နာရီ၄၅မိနစ်က ခ ရီးသည်တင်Expressကားကို ကုန်တင်Boxကားက နောက်ကနေ ဝင်တိုက်မိခဲ့တာကြောင့် ကုန်တင်Boxကားပေါ်ပါ အမျိုး သားနှစ်ဦးသေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ ယာဥ်တိုက်မှုဖြစ်ပွားရာကို ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းက မီး သတ်ယာဉ်(၁)စီးတို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူအမျိုးသားနှစ်ဦးရဲ့ရုပ်အ လောင်းကို လူနာတင်ယာဥ်များနဲ့ လှည်းကူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *