ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Suzuki Ertigaကားတစ်စီးနောက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းက သစ် ပင်ကို ဝင်တိုက်မိမှုဖြစ်ပွား

■ကားပေါ်မှာလိုက်ပါလာသူ၆ဦးအနက် အမျိုးသမီးတစ်ဦးနဲ့ကလေးတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀ /၄)နှင့် (၇၀/၅)ကြားမှာ ဖေဖော်ဝါရီလ၉ရက် မွန်းလွဲ၂နာရီ၃၆မိနစ်က Suzuki Ertigaကားတစ်စီး နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းက သစ်ပင်ကိုဝင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို ဥသျှစ်ကုန်းအမြန်လမ်းမီး သတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွား ရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဥ်ပေါ်ပါအမျိုးသား (၁)ဦး၊ အမျိုးသ မီး (၃)ဦး၊ ကလေး (၂) ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသ မီး(၁)ဦးနဲ့ ကလေး(၁)ဦး ထိ ခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီးကျန် (၄) ဦး ထိခိုက်ဒဏ် ရာ(မစိုးရိမ်ရ) ရရှိခဲ့တာကြောင့်ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့ပိုင်ယာဥ်နဲ့ မြို့ချောင်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- MFSD

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *