ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင် Express တစ်စီး ယာဥ်မတော်တဆမှုဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၉/ ၃) ရသေ့ကျေးရွာအနီးမှာ ဇန်ဝါရီလ၉ရက်မနက်၅နာရီခွဲကခရီးသည်တင် Express တစ်စီး ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်ဝါရီလ၉ရက်မနက်၅နာရီခွဲက ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၉/ ၃) ရ သေ့ကျေးရွာအနီးမှာ ခရီးသည်တင် Express တစ်စီးဟာ အရှိန်အထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှာ ကာရံထားကွန်က ရစ်တုံးများကို တိုက်မိခဲ့တာကြောင့် ရပ်တန့်သွားပြီး ယာဥ် ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား (၁၄) ဦးနဲအမျိုးသမီး(၆)ဦးတို့အနက် အမျိုးသား(၁)ဦးထိ ခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တဲ့အတွက် 192လူနာတင်ယာဥ်နဲ့ တံတားဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *