ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Kluger ကားတစ်စီး လမ်းလယ်ကျွန်းက သစ်ပင်ကို တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအမျိုးသား သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၁၈၄/၄) နဲ့(၁၈၄/၅)ကြားမှာ ဇန်နဝါရီလ၅ရက် မွန်း လွဲ၃နာရီ၂၀မိနစ်က Kluger ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းက သစ်ပင်ကို တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအမျိုး သား သေဆုံးခဲ့ရတယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၅ရက် မွန်းလွဲ၃နာရီ၂၀မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၁၈၄/၄) နဲ့(၁၈၄/၅)ကြားမှာ ရန်ကုန်ဘက်က နေပြည် တော်ဘက်ကို ယာဥ်မောင်းအမျိုးသား(၁)ဦးထဲ မောင်းနှင်လာတဲ့ Kluger အမျိုးစား(အဖြူရောင်)ယာဉ်ဟာ ရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်က ထန်းပင်နဲ့ခရေ ပင်ကို ဝင်ရောက်တိုက်မိပြီး ရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်‌မောင်းမှာ ထိခိုက်ဒဏ်ရာများရှိခဲ့တာကြောင့် ရွှေဂုံသုခပရဟိတအသင်းက လူ နာတင်ယာဉ်နဲ့နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို ပလွေးအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်နဲ့ သာဂရအမြန်လမ်းရဲစခန်းက တပ် ဖွဲ့ဝင်များ တို့က ကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *