ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Hummer-3အမျိုးအစား ကားတစ်စီး မီးလောင်ပျက်စီး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၇၀/ ၃) နဲ့ (၁၇၀/၄)ကြားမှာ ဇန်နဝါရီလ၅ရက်နေ့လယ်၁၁နာ ရီ၅၄မိ နစ်က Hummer-3အမျိုးအစား ကားတစ်စီး မီး လောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၅ရက်နေ့လယ်၁၁နာရီ၅၄မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၇၀/၃) နဲ့ (၁၇၀/၄)ကြားမှာ ရန်ကုန်ဘက်က နေပြည် တော်ဘက်ကိုမောင်းနှင်လာတဲ့ ၊Hummer-3 အမျိုးစား(အနက်ရောင်) ယာဉ်မှာ မောင်းနှင်နေချိန် အင်ဂျင်ခန်းမှ ညှော်နံ့ရတာကြောင့် လမ်းယာဘက်မြေသား လမ်းပေါ်ကို ရပ်တန့်စဉ် ကားအင်ဂျင်ခန်းမှစတင်ပြီး မီး လောင်သွားခဲ့တာလို့ သိရပါတယ်။

Photo-အမြန်လမ်းမီးသတ်တပ်ဖွဲ့

မီးလောင်မှုကြောင့် ယာဥ်တစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ယာဉ်မောင်း အပါအဝင် အမျိုးသား(၁)ဦး၊အမျိုး သမီး(၁) ဦး စုစုပေါင်း(၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို သာဂရအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်များနဲ့သာဂရအမြန်လမ်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်များတို့က မီးငြှိမ်းသတ်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *