ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၅၇/၀)မှာ Toyota Hilux Surfယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၅၇/ ၀) ဖကြားမှာ ဒီဇင်ဘာလ၂၄ရက် နေ့လယ်၁၂နာရီ၅၀မိ နစ်က သံ ဃာတော်များစီးနင်းလိုက်ပါလာပြီး ရန်ကုန်ကနေ နေပြည် တော်ဘက်ကို မောင်းနှင်လာတဲ့Toyota Hilux Surf အမျိုးစား(နီညိုရောင်)ယာဉ်မှာ ယာဥ်မောင်းအိပ်ငိုက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်‌မောင်းအပါအဝင် ရ ဟန်း (၂)ပါး၊ကိုရင်(၈)ပါး ၊ကျောင်းသား(၃)ဦး စုစု ပေါင်း(၁၃) ဦးအနက် ရဟန်း(၂)ပါး၊ကိုရင်(၃)ပါးနဲ့ကျောင်း သား(၂)ဦး စု စုပေါင်း(၇)ဦးတို့မှာထိခိုက်ဒဏ် ရာများရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာကို ဘောနီအမြန်လမ်းမီးသတ်စခန်းနဲ့ဘောနီအမြန်လမ်းရဲစခန်းတို့က တပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ် ငန်းများဆောင် ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို EMS 192လူနာ တင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *