ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ် ၂၄၆/၃နဲ့ ၂၄၆/၄ ကြားမှာ ဒီဇင်ဘာလ၁၉ရက်မနက် ၅နာရီ၅၀ မိနစ်ကExpressယာဥ်တစ်စီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပဲ ယာဥ်တစ်စီးလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ပေပင်လေးအမြန်လမ်းမီး သတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီးနဲ့ တစ်နာရီကြာ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 42 times, 1 visit(s) today



