ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင် Expressယာဥ်က Alphardယာဥ်ကို ဝင်တိုက်မိမှုဖြစ် ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/ ၄)နှင့်(၄၅/၅)ကြားမှာ နေပြည်တော်ဘက်ကနေ မောင်းနှင်လာတဲ့ YUTONG အမျိုးအစား(ရန်ကုန်-တာချီလိတ် Express)ယာဉ်က ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ TOYOTA Alphard အမျိုးအစား(အဖြူရောင်) ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာကြောင့် တံတားဘောင်ကို တိုက်မိပြီး ရပ်တန့်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို ဘောနတ်ကြီး အမြန်လမ်းမီး သတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊သက် ဆိုင် ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ယာဥ်တိုက်မှုကြောင့် Alphard ယာဉ်ပေါ်ပါ မ(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ကို ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်နဲ့ပဲခူးပြည်သူ့ဆေးရုံကို ကူညီပို့ ဆောင်‌ပေးခဲ့ပြီး Express ယာဉ်ပေါ်ပါ ခရီးသည် ကျား(၁၄)ဦး ၊ မ(၁၅)ဦး၊ စုစုပေါင်း (၂၉) ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *