ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် ၄၄/၀ နှင့် ၄၄/၁ကြားမှာ အောက်တိုဘာ၂၈ရက်မနက်၃နာရီ၁၀မိ နစ်က ရန်ကုန်ဘက် မှ နေပြည်တော်ဘက်ကို မောင်းနှင်လာ တဲ့Toyota Caldina အမျိုးစားအဖြူရောင်အိမ်စီးကားဟာလမ်းကွေ့ကြောမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ကသစ်ပင်နှင့် Guard Wayတန်းများကို ဝင်ရောက်တိုက်မိပြီး တပတ်လည် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား၃ဦးအနက် ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ကားမှောက်မှုဖြစ်ပွားရာနေရာကို ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနဲ့ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကူညီငယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ် ရာရရှိသူများကို ဘုရားကြီးလူငယ် ယနာရေးကူညီမှုအသင်းယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today