ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅)မိုင်အနီးမှာ အောက်တိုဘာ၂၄ရက် မွန်းလွဲ၃နာရီခန့်က အိမ်စီးကားတစ်စီး ကားရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ဖြစ် ပွားခဲ့ရပြီး အမြန်လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် အိမ်စီးကားပေါ်လိုက်ပါလာသူ ၁၀ဦးအနက် ၉ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ထိ ခိုက်ဒဏ်ရာရရှိသူများထဲမှာ အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို လမ်းကြုံ လိုက်ထရပ်ကားနဲ့ နီးစပ်ရာပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 2 times, 1 visit(s) today