ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၈၄/၁)နဲ့ (၂၈၄/၂) ကြား မှာ ယာဉ်တိုက် မှုဖြစ် အမျိုးသား၂ယောက်သေဆုံးခဲ့

ရပ်ထားတဲ့ကုန်တင်ကားကို ခရီးသည်တင်ကားက နောက်ကနေ ဝင်တိုက်မိတာဖြစ်

တိုက်မိပြီးညှပ်နေတဲ့ ယာဉ်နှစ်စင်းကြားက ခရီးသည်ကို ကယ်တင်နေစဉ်
ဓါတ်ပုံ။ MFSD & *K3*သွေးသစ္စာထီလာမြေ

မန္တလေး၊ မတ် ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင် တိုင်အမှတ် (၂၈၄/၁)နဲ့(၂၈၄/၂) ကြားမှာ မတ်လ၂၃ရက် နံနက်၅နာရီ၅၀မိနစ်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးအမျိုးသား၂ယောက်သေဆုံးခဲ့ပြီး ၁၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး ဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ၂၃ရက် နံနက်၅နာရီ ၅၀မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၁)နဲ့(၂၈၄/၂) ကြားမှာ ယာဉ်တိုက်မှုဖြစ်တဲ့ သတင်းရရှိ ခဲ့တာကြောင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး နဲ့သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကယ် ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့ရာမှာ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကား ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား(၂) ယောက်သေဆုံးခဲ့ပြီး အမျိုးသား(၃) ယောက်နဲ့အမျိုးသမီး (၁၁)ယောက်ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ပါတယ်။အမျိုးသား(၁)ယောက်နဲ့အမျိုးသမီး(၁)ယောက်ကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ကြဘူး လို့သိရပါတယ်။

သေဆုံးနဲ့ထိခိုက်ဒဏ်ရာရခဲ့သူတွေကို 192 သူနာတင်ယာဉ်နဲ့ ပြည်သာယာလူငယ် ပရိ ဟတအသင်းသူနာတင်ယာဉ်တို့နဲ့ မိတ္ထီ လာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *