၆ မတ်၊၂၀၂၄



မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဒီနေ့မနက်၆နာရီအချိန်က စက်သုံးဆီဆိုင်တခုကို ဆီဖြည့်တင်းမယ့် ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
“မီးကတအားကြီးတယ်။မီးသတ်ကားအများကြီးနဲ့ငြှိမ်းသတ်လိုက်ရတယ်။နောက်ဆက်တွဲအခြေနေမသိရသေးဘူး။ဆီပန့်ထဲဝင်တဲ့ချိန်လောင်တာမြင်ရတယ်လို့” ဒေသခံတဦးကပြောပါတယ်။
မီးဟာတစ်နာရီကျော်ကြာမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ မီးလောင်ရာနေရာကို ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့က ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Visited 94 times, 1 visit(s) today



