ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်အစပ် တောကျွဲအင်းမြို့နှင့် ဖြူးမြို့နယ် အ စပ် ကညွတ်ကွင်းမြို့အကြားမှာ သြဂုတ်လ ၁၈ ရက်မနက်၉နာရီခန့်က မန္တလေးမြို့မှ ရန်ကုန်မြို့ကို ခုတ်မောင်းလာတဲ ရန်ကုန်-မန္တလေးကုန်တင်ရထားကို လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုခံ ခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။



မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရထားသံ လမ်းအချို့ပျက်စီးခဲ့ရပြီး ရထားခေါင်းတွဲ နှင့်ကုန်တွဲများ လမ်းချော်တိမ်းမှောက် ပျက်စီးမှုများရှိခဲ့ရပြီး ပျက်စီးခဲ့တဲ့ ရန် ကုန်-မန္တလေးရထား လမ်းပိုင်းရဲ့ ရထား သံလမ်းများကိ အမြန်ဆုံးပြန်လည် ပြုပြင် နိုင်ရေးကို စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


