ရန်ကုန် ဗိုလ်ချုပ်ဈေးက ကျောက်မျက်ရတနာဆိုင် ဖောက်ထွင်းခံရ သိန်း၅၀၀ကျော်တန်ဖိုးရှိ ကျောက်မျက် ရတနာတွေ ပါသွား

  • ဆိုင်ခန်းသော့ကိုအက်ဆစ်နဲ့စားပြီး ဖောက်သွားတာဖြစ်
ဆိုင်ကို ဖေါက်ထွင်:သွားတဲ့ မြင်ကွင်းတွေ့ရပုံ
ဓါတ်ပုံ ။ CJ

ရန်ကုန်၊ မတ် ၃

ရန်ကုန်မြို့၊ဗိုလ်ချုပ်ဈေးက ကျောက်မျက်ရတနာအရောင်းဆိုင်တစ်ဆိုင်ကို မတ်လ၃ရက်နေ့ညပိုင်းမှာ ဖောက်ထွင်းခံခဲ့ရပြီး ငွေကျပ်သိန်း၅၀၀ကျော်လောက်တန်ဖိုးရှိတဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာတွေ သူခိုးလက်ကို ပါသွားတယ်လို့ သိရပါ တယ်။

ဖောက်ထွင်းခံခဲ့ရတဲ့ဆိုင်နာမည်ကနှင်းဆီကျောက်မျက်ရတနာအရောင်းဆိုင်ဖြစ်ပြီးဆိုင်ဖောက်ထွင်းခံခဲ့ရတာကိုမတ်လ၄ရက်နေ့ဈေးဖွင့်မှ သိခဲ့ရပြီး ဈေးတာဝန်ရှိသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ဖောက်ထွင်းရာမှာ ပါသွားတဲ့ ပစ္စည်းတွေကတော့ကျောက်စိမ်းအချောထည်တွေနဲ့ နီလာလုံး ချောလက်စွပ် (၁၀) ကွင်းတို့ဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းတွေကိုသာဖောက်ထွင်းခဲ့သူက ရွေးချယ်ယူဆောင်သွားတာလို့ ဆိုင်ပိုင်ရှင်ဆီကနေ သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ နှင်းဆီကျောက်မျက်ရတနာအရောင်းဆိုင်ဟာရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနောက်(ဒီ) က ဆိုင်ခန်းအမှတ် (၂၃),(၂၄),၃၄(၃၅)လေးခန်းတွဲဆိုင်ခန်းဖြစ်ပြီးလတ်တလောအချိန်မှာဖောက်ထွင်းမှုနဲ့ပတ်သက်ပြီးပန်းဘဲတန်းမြို့နယ်ရဲစခန်းမှှာ အမှုဖွင့် တိုင်ကြားထားပြီး သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကစစ်ဆေးမှုတွေဆောင်ရွက်နေပြီး ဖောက်ထွင်းမှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အခင်းဖြစ် မှတ်တမ်းဓါတ်ပုံများ။ ( CJ)

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *