ရန်ကုန်-ပြည်ကားလမ်းမှ မော်တော် ယာဉ်တစ်စီး ကားခေါင်းတစ်ခြား ဘော်ဒီ တစ်ခြားဖြစ်

ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၉/ ၄အနီးမှာ သြဂုတ်လ၁၄ရက်နေ့ လယ်ပိုင်းက Isuza Canterမော်တော် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း ဘေးထိုးကျမှုဖြစ်ပွားခဲ့ပြီး မော်တော် ယာဉ်မှာ ကားခေါင်းတစ်ခြား ဘော်ဒီ တစ်ခြားဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။

Photo-ဓမ္မဝိဇယအသင်း

အဲဒီဖြစ်စဉ်ကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ မေးစေ့ကွဲ၊ ပေါင် ကျိုးဒဏ်ရာများရရှိခဲ့တာကြောင့် ကရု ဏာရှင်အသင်း(ကြို့ပင်ကောက်)မှ ကြို့ ပင်ကောက်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *