ရန်ကုန် ပုဇွန်တောင်ဘူတာသံလမ်းဘေးတွင် လူတစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ပုစွန်တောင်မြို့နယ်၊ပုဇွန်တောင်ဘူတာသံလမ်းဘေးတွင် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက လူတစ်ဦးသေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ် ပရဟိတအသင်းက သိရသည်။

အဆိုပါ သေဆုံးနေသူမှာ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အိမ်ခြေမဲ့ဖြစ်ကြောင်း၊ရိုးရိုးဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာက မင်္ဂလာတောင်ညွှန့်လူငယ် ပရဟိတအသင်းသို့ ဆက်သွယ်လာတာသောကြောင့် ရုပ်အလောင်းကိုကူညီသယ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

မင်္ဂလာတောင်ညွန့် လူငယ်ပရဟိတအဖွဲ့က နိဗ္ဗာန်ယာဉ်ဖြင့် ရုပ်အလောင်းကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ရာ ဆေးရုံကြီးက PR-029 ဖြင့် လက်ခံခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွှန့်လူငယ်ပရဟိတအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *