ရန်ကုန် ပုစွန်တောင်ရှိ အထပ်မြင့်တိုက်တစ်ခုတွင် လူသတ်ပစ္စည်းလုမှုဖြစ်

ယမန်နေ့ ဩဂုတ်လ ၃၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြောင်းကြီးလမ်းအတွင်းထဲက အထပ်မြင့်တိုက်(၆)လွှာမှာ လူသတ်ပစ္စည်း လုယက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။

အသတ်ခံလိုက်ရသူဟာ အသက်၃၂နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူဟာ ခင်ပွန်းဖြစ်သူနဲ့အတူ လွန်ခဲ့တဲ့ ၄ လ ခန့်ကမှအဲ့နေရာကို ပြောင်းရွှေ့လာတာလို့ သိရပါတယ်။

အခင်းဖြစ်ချိန်မှာ ခင်ပွန်းဖြစ်သူမရှိတဲ့အချိန်မှာဖြစ်ပြီး အမျိုးသမီးငယ်ဟာ လည်ပင်းကို ဓါးနဲ့ လှီးအသတ်ခံရပြီးတော့ ရွှေထည်ပစ္စည်းလုယက်ခံလိုက်ရတာလို့ နီးစပ်သူတွေကပြောပြပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူလို့ သံသယရှိတဲ့သူကို ဖမ်းဆီးစစ်ဆေးနေပြီး အဲ့ဒီထဲ အသတ်ခံရတဲ့ အမျိုးသမီးနဲ့ ကျန်ရစ်ခင်ပွန်းဖြစ်သူတို့ ပုံမှန်ငှားစီးနေကျ အနှေးယာဉ်လုပ်သားတစ်ဦးလည်း ပါတယ်လို့ ရဲက ပြောပြပါတယ်။

“သြဂုတ်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်ထဲက ရွှေဆိုင်တစ်ခုဆီကို အမျိုးသားတစ်ဦးက ရွှေသွားရောင်းတယ်။အဲ့ ရွှေ မှာ သွေးစတွေ ပါလာတယ်။ မသင်္ကာလို့ ရွှေဆိုင်က သက်ဆိုင်ရာကို အကြောင်းကြားတာကနေ သံသယ ရှိသူတွေကို ဖမ်းမိတာ”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဆက်ပြီးသူက “တောင်ဒဂုံမှာ တက္ကစီသမားကို သတ်သွားတဲ့အမှုကို လိုက်ရင်းနဲ့ မိတယ်လို့ ကြားပါတယ်။ ရန်ကုန်တိုင်း ဒေသ ကြီး မှုခင်းအဖွဲ့က တာဝန်ယူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ပုစွန်တောင်က ကောင်မလေးကို သတ် ခဲ့တယ်လို့ ယူဆရတဲ့ သူ ဟာ တက္ကစီသမားကို သတ်ခဲ့တဲ့ သံသယ ရှိသူအဖြစ် ဖမ်းမိတဲ့ ၃ ဦးထဲမှာ ပါနေတယ်ဆိုတဲ့ သဘောမျိုးပေါ့၊ဒါကြောင့် တိုင်းမှုခင်းဌာနက တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်တယ်”လို့ ထပ်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *