ရန်ကုန်-နေပြည်တော်အမြန်လမ်း Express ယာဉ်နဲ့ Light Truckယာဉ်တို့ တိုက်မှုဖြစ် ပွား

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(190/4-5)မှာ မေလ၉ရက် နံနက်၆နာရီက Expressယာဉ်နဲ့ Light Truckယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ပြီး Light Truckယာဉ်ပေါ်ပါ အမျိုးသား(၁)ယောက် သေပြီး အမျိုးသား(၁၄)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ ယာဉ်တိုက်မှုဖြစ်ပွားရာကို ပလွေးအမြန်လမ်းမီးသတ်စခန်းက မီးသတ် ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

photo– MFSD

ယာဉ်တိုက်မှုကြောင့် Expressယာဉ်ပေါ် မှာ လိုက်ပါလာတဲ့ အမျိုးသား(၂၆)ယောက် နဲ့အမျိုးသမီး(၁၂)ယောက်တို့ဟာ ထိခိုက် ဒဏ်ရာရှိခြင်း မရှိခဲ့ဘဲ Light Truck ယာဉ်ပေါ်ပါ အမျိုးသား(၁)ယောက် သေပြီး အမျိုးသား(၁၄)ယောက်ဒဏ်ရာရခဲ့ကြတာပါ။

သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေကို 192 ယာဉ်နဲ့ကြက်ခြေနီအသင်းပိုင်ယာဉ်တို့နဲ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *