ရန်ကုန်၊မန္တလေး လမ်းဟောင်း ကညွတ်ကွင်းနဲ့တောကျွဲအင်းကြားက သံတံတားကျိုးကျမှုကြောင့် ကားတွေ ပိတ်နေ

ဇန်နဝါရီ၊၄

ရန်ကုန်၊မန္တလေး လမ်းဟောင်း တောကျွဲအင်းနဲ့ကညွှတ် ကွင်း ကြားက သံတံတား ဇန်နဝါရီလ၄ရက်နေ့မနက်ပိုင်းက ကျိုးကျမူကြောင့် ကားတွေပိတ်နေပြီး အခြားလမ်းတွေကနေ သွားလာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ဘက်က လာတဲ့ကားများ ညောင်လေးပင်နဲ့ကျောက်တံခါးအကြား ကျွန်းကုန်းလမ်းခွဲကနေ ဖဒိုမြို့ကိုဖြတ်သန်းကာ အမြန်လမ်းမပေါ် တက်ပြီးမောင်းနေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ကျနော်ကြားသိရသလောက်သံတတားကျိုးတဲ့နေရာမှာ ဆိုင်ကယ်တောင်ဖြတ်လို့မလွယ်ဘူးး၁၁၅ မိုင်က​နေ ဖြူးမြို့လမ်းဟောင်းပေါ်ကိုပြန်လည်တတ်‌ရောက်ဖြတ်သန်းသွား လာကြတယ်။မန္တလေးဘက်ကလာတဲ့ကားများမှာလည်း ဖြူးမြို့မှအမြန်လမ်းမပေါ် တတ်ရောက်ဖြတ်သန်းသွားနေရပါတယ်။ခရီးသွားပြည်သူ များနဲ့ကုန်ကားသမားများ သိစေဖို့ပြောပေးတာပါ”လို့ဒေသခံတဦးက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးက စစ်ကောင်စီကာကင်း စခန်း ၈ ခုကို KNLA နဲ့ ပူး ပေါင်းတပ်ဖွဲ့ က ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ သိမ်းယူလိုက်တယ်လို့ ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကညွတ်ကွင်း-တောကျွဲအင်းကြားက တံတားကင်းစခန်းကိုပူးပေါင်းအဖွဲ့က ချိုးဖျက်ခဲ့တာဖြစ်ပြီးတံတားကစစတပ်ရဲ့ ရိက္ခာသယ်ယူရေးအတွက် အ ရေးကြီးတဲ့ တံတားဖြစ်တယ်လို့ကေအဲန်ယူ−ဗဟိုကအသိပေးထားတာဖြစ်ပါတယ်။

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *