၂၈ ဧပြီ၊၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ် အမှတ်(၃)လမ်းမ ၁၂လမ်း ကားမှတ်တိုင်မှာ ဒီနေ့မနက်ပိုင်းကYBS 35 ယာဥ်လိုင်းကို ရွှေပြည်မန္တလာ Express ယာဥ်လိုင်းမှ ၀င်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အမျိူးသမီး ၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့
ပုလဲအရန်မီးသတ်တပ်ဖွဲ့ ဆီက သိရပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေကို မြောက်ဥက္ကလာပမေဓါဝီဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ အနီးနားရှိသူတွေက ပြောပါတယ်။
“ဘတ်စ်ကားရဲ့အနောက်ဘက် အခြမ်းကိုဝင်တိုက်တာ ခရီးသည်တင်ကားကတော့ခေါင်းပိုင်းထိခိုက်သွားတာမြင်ရတယ်။ဒဏ်ရာရသူကဘတ်စ်ကားပေါ်ကလို့ပြောကြတယ်။ဒဏ်ရာကတော်သိပ်မပြင်းဘူး”လို့ အနီးနားနေထိုင်သူတဦးကပြောပါတယ်။
Visited 45 times, 1 visit(s) today



