ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊လေဆိပ်(သွင်းကုန်)မှာ နိုဝင်ဘာ လ ၄ရက်နေ့က ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း၄၂၀၀၀ ကျော် တန်ဖိုးရှိ တရားမဝင် ရွှေတုံးများ၊iPhone15 ProMaxများနဲ့အမေရိကန်ဒေါ်လာများကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီက သိရပါတယ်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၄ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊လေဆိပ်(သွင်းကုန်)မှာ ခရီးသည် (၃) ဦးရဲ့ ဝန်စည်များအတွင်းက တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိတဲ့ iPhone 15 ProMax (၂၅၉) လုံး၊ အမေရိကန်ဒေါ်လာ (၁၀၀)တန်ဟု ယူဆရတဲ့ နိုင်ငံခြားငွေ (၁၂၀၀၀၀)ဒေါ်လာနဲ့Gold 999.9 1 Kilo စာတန်းပါ ရွှေဟု ယူဆရသော အတုံး (၁၆တုံး) (၁၆)ကီလို ဂရမ် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၃၅,၆၅၉,၇၃၄ တို့ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ကဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။