ရန်ကုန်မှာ ဟိုက်ဂျက်၊ရွှေငါး၊ပြိုင်ကား၃စီးဆင့်တိုက်ရာကနေ တစ်ဦးဆုံးပါးကာ ၆ဦးထိခိုက်

၂၉ ဇန်နဝါရီ၊၂၀၂၄

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ဗိုလ်ချုပ်လမ်းနဲ့မော်တင်လမ်းထောင့်မှာ ၂၇က်နေ့ည၁၁နာရီအချိန်က ယာဥ် သုံးစီးတိုက်မူဖြစ်ပွားပြီး၊အမျိုးသားတဦးသေဆုံးကာ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးခဲ့သူအချို့ဆီကသိရပါတယ်။

“အသက်၅၆အရွယ်အမျိုးသားတဦးကဆေးရုံရောက်တော့ဆုံးသွားတယ်။ညအချိန်ဆိုတော့အရမ်းမောင်းကြတယ်။ကားတွေအများအပြားပျက်စီးသွားတယ်၊အသေးစိတ်မသိရသေးဘူး”လို့အနီးအနားမှာ ရှိခဲ့သူတဦးကပြောပါတယ်။

ဟိုက်ဂျက်၊ရွှေငါး၊မာစတာပြိုင်ကား၃စီးတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး၊ဒဏ်ရာရှိခဲ့သူတွေကိုရန်ကုန်ဆေးရုံကြီးအရေးပေါ်ကိုရှင်သန်ရေးကူညီမူအသင်း၊ဝင်းမေတ္တာအသင်း၊ရွှေကံ့ကော်အသင်းလူနာတင်ကားများနဲ့ ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *