ကလေးတစ်ဦးပါ ထိခိုက်
၆ မတ်၊၂၀၂၄



ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းကမ္ဘာအေးစေတီမုဒ်ဦးဝ အရှေ့မှာ ဒီနေ့မနက်ပိုင်း ၉နာရီကျော်အချိန်က ယာဥ် ၃ စီးတိုက်မူဖြစ်ပွားခဲ့ပြီး၊ ကလေးတဦးအပါဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးနားနေသူအချို့ဆီက သိရပါတယ်။
အသက် ၆ နှစ်အရွယ်ကလေးတဦး နှာခေါင်းသွေးထွက်ဒဏ်ရာဒူးခေါင်များပွန်းပဲ့ဒဏ်ရာနဲ့အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးခေါင်းဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးသူတဦးက ပြောပါတယ်။
“တက္ကစီနှစ်စီးနဲ့ အိမ်စီးကားတစီးတိုက်မိတာ။လူတွေပြင်းပြင်းထန်ထန်မဖြစ်သွားလို့တော်သေး။အယ့်နားမှာက ကားမှတ်တိုင်လဲရှိတယ်။ရုံးဆင်းရုံးတက်ချိန်လူကများတယ်။ဘယ်လိုတိုက်မိတယ်မသိဘူး”လို့အနီးအနားမှာ ရှိနေသူတဦးက ပြောပါတယ်။
ဒဏ်ရာရလူနာနှစ်ဦးကို မြောက်ဥက္ကလာဆေးရုံကို မြန်မာ့ကြယ်ဖြူ အရေးပေါ် လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 28 times, 1 visit(s) today



