ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်း ရေကြီးရေလျှံဖြစ်၊ရန်ကင်းတွင် ကလေးတစ်ဦး ချောင်းထဲ ပြုတ်ကျ

၂၄ အောက်တိုဘာ၊၂၀၂၃

ရန်ကုန်တွင် ယနေ့ နေ့လယ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေ၊မင်္ဂလာတောင်ညွှန့်၊ရန်ကင်း၊တောင်ဥက္ကာလ အစရှိသည့် နေရာတော်တေ်ာများများ ရေကြီးရေလျှံခဲ့သည်။

တာမွေ အဝိုင်း အိုးရှင်းဈေးဝယ်စင်တာရှေ့တွင် ရေပြင်ကြီးဖြစ်သည်အထိ ရေကြီးမှုက ဆိုးရွားခဲ့သည်။

ထိုအချိန်မှာပင် ရန်ကင်း မြို့နယ် Golden City ဘေး ‌ချောင်းမှ ကလေးတဦး ရေထဲပြုတ်ကျ မျှောပါသွားမှုဖြစ်ခဲ့၍ ရွှေရုပ်လွှာ ပရဟိတအသင်းက ရှာဖွေရေးများဆောင်ရွက်နေသည်။

ဒေသခံတို့၏ ပြောကြားမှုက မျှောပါသွားသူမှာ အသက် ၁၄နှစ် အရွယ်ရှိ မိန်းခလေးဟု သိရသည်။

ယခုသတင်းဖော်ပြနေသည့် ည ၆နာရီ ၅၆မိနစ်အထိ ရှာဖွေနေဆဲဖြစ်ကာ မတွေ့သေးပေ။

မိုးဇလ၏ ယနေ့ ညနေ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ဟမွန်း” (HAMOON) အဖြစ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၇၅) မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်ဘက် ရေမိုင် (၁၆၅)မိုင်ခန့်၊ မောင်တောမြို့ (Maungdaw)၏ အနောက် – အနောက် တောင်ဘက် ရေမိုင် (၁၄၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့ (Paradip)၏ အရှေ့ဘက် ရေမိုင် (၁၈၅) မိုင်ခန့်၊ ဒီဂါမြို့(Digha) ၏ အရှေ့တောင်ဘက် ရေမိုင်(၁၅၅)မိုင်ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်ဘက် ရေမိုင် (၁၀၀) မိုင်ခန့်နှင့် စစ်တကောင်းမြို့(Chittagong)၏ အနောက်တောင်ဘက် ရေမိုင် (၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။

Visited 92 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *