ရန်ကုန်မှာ မကြုံစဖူး စံချိန်တင် မီးထပ်ပျက်ပြန်

၂၂ ဖေဖော်ဝါရီ၊၂၀၂၄

ရန်ကုန်မှာ အချိန်ကြာမြင့်စွာ ဆက်တိုက်မီးပျက်နေတယ် လို့ မြို့ခံတွေက ပြောကြပါတယ်။

အလှည့်ကျမီးပေးစနစ် ကျင့်သုံးနေတဲ့ ရန်ကုန်မှာ မနက်၉နာရီလာရမယ့် အလှည့်ကျနေရာတွေလည်း မလာ၊နေ့လယ် ၁နာရီ လာရမယ့် နေရာတွေ အပြင် ညနေ၅နာရီ လာရမယ့် နေရာ တော်တော်များများ မီးမလာဘူးလို့ ဆိုကြပါတယ်။

“ထမင်းဟင်းတောင် မချက်နိုင်ဘူး”လို့ သာကေတမှာနေတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။

တောင်ဥက္ကလာနေပြည်သူတစ်ဦးက “မနက်၉နာရီလာရမှာ မလာဘူး။ညနေ၅နာရီ လာရမှာလဲ မလာဘူး”လို့ ပြောပြပါတယ်။

ဒီလို အချိန်ကြာမြင့်စွာ မီးပျက်တာမျိုး မဖြစ်တာ လအနည်းငယ်ကြာနေပြီ လို့ဆိုပါတယ်။

နွေရာသီ ရောက်လာရင် ဘယ်လိုဆက်ဖြစ်မလဲ ခန့်မှန်းရခက်တယ်လို့ လည်း မြို့ခံတစ်ဦးက ထောက်ပြပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *